အမေ့အတွက်

ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတစ်စု အလှူလေးတစ်ခု လုပ်နေတယ် … သူတို့ အလှူက ထူးထူးခြားခြားပါပဲ … ရပ်ကွက်ထဲက ကလေးငယ်လေးတွေ အားလုံးကိုခေါ်ပြီး ထမင်းဟင်းတွေ ကျွေးမွေးတာပါ …

ဟင်းကတော့ ၀က်သားဟင်း၊ ငပိကြော်ချက်နဲ့ တို့စရာအစုံ၊ ပဲတီချဉ်သုပ် နဲ့ ပဲနီလေးဟင်းချို စသဖြင့် ဖွယ်ဖွယ်ရာရာပါပဲ … ကလေးတစ်ယောက်ကို ၀က်သားတုံးကြီး နှစ်တုံးကျ ထမင်းပန်းကန်ထဲ ထည့်ပေးထားတယ် ..

ကလေးတွေ စားသောက်နေကြတဲ့အချိန်မှာ အလှူရှင်တွေက အားပါးတရ စားနေကြတဲ့ ကလေးတွေကို လိုက်ကြည့်ပြီး ပီတိဖြစ်နေတာပေါ့ … ကလေးတွေ စားနေပုံကလည်း တကယ်ကို အားရစရာပါပဲ … သူတို့ခမျာ အသားဟင်းဆိုတာ ဒီလို အလှူရှင်တွေလာမှပဲ စားရရှာတာကိုး …

အဲ့လိုလိုက်ကြည့်နေရင်းနဲ့ ကလေးတစ်ယောက်ရဲ့ ပန်းကန်ထဲမှာ ၀က်သားဟင်းမတွေ့ရဘဲ ငပိချက်တွေ ဟင်းရည်တွေနဲ့ပဲ စားနေတာတွေ့တော့ အလှူရှင်က ဟင်းထည့်ပေးနေတဲ့လူတွေကို လှမ်းမေးလိုက်ပါတယ် …

“ဟေ့! ဒီကလေးပန်းကန်ထဲ ၀က်သားဟင်း မပါပါလား?”

အဲ့ဒီအခါ ဟင်းထည့်ပေးနေတဲ့သူတွေထဲက တစ်ယောက်က

” ကျွန်တော်တို့ ကုန်လုံးကို နှစ်တုံးစီ ထည့်ပေးပြီးသား အကို ~ ကလေးကို မေးကြည့်လိုက်ပါဦး” လို့ပြန်ပြောပါတယ် …

အလှူရှင်လည်း ကလေးကို မေးမယ်ဆိုတဲ့အတွေးနဲ့ ကလေးဘက်ကို ပြန်လှည့်လိုက်တဲ့အခါ ထမင်းငုံ့စားနေတဲ့ ကလေးလေး ဆောင်းထားတဲ့ ဦးထုပ်အနွမ်းလေးအောက်ကနေ အဆီတွေ စီးကျလာတာကို တွေ့လိုက်ရတယ် …

အဲ့ဒါနဲ့ အလှူရှင်လည်း ဦးထုပ်ကို မ,ကြည့်လိုက်တော့ ခေါင်းပေါ်တင်ထားတဲ့ ၀က်သားတုံး ( ၂ ) တုံးကို တွေ့လိုက်ရတယ် …

အဲ့ဒီအခါ ကလေးလေးက မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့ မော့ကြည့်ပြီး ပြောလိုက်တာက

..
..
..
..
..

” သားတို့အိမ်မှာ အသားမစားရတာကြာပြီ၊ ၀က်သားဟင်း စားချင်တယ်ဆိုပြီး အမေက ခဏခဏပြောနေတော့ သားလည်း စားမယ်လုပ်တုန်း အမေ့ကိုသတိရပြီး အမေ့အတွက် ယူသွားမလို့ ဖွက်ထားတာပါ” တဲ့!

☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

(ဂျာနယ်တစ်စောင်တွင်ပါသော မြန်မာပြည်အတွင်းမှ တကယ့်အဖြစ်အပျက်တစ်ခုအား ပြန်လည်ခံစားရေးဖွဲ့ထားပါသည်!! )

☁ Thu Thu Lay ☁

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s