Internet Download Manager Portable

Internet Download Manager ( IDM ) ဖြင့် အင်တာနက်ကနေ မိမိနှစ်သက်ရာ စိတ်ကြိုက် Download ချနိုင်စွမ်းရှိပါတယ်။

 

 

ဒေါင်းပြီး ဖိုင်များကိုလည်း သီးခြားကဏ္ဍအလိုက် ဖိုလ်ဒါများခွဲထားပြီး သိမ်းပေးပါသည်။

  1. Video Format ဖိုင်များကို Video Folder တွင် ထည့်ပေးခြင်း။
  2. သီချင်းဖိုင်များကို Music Folder တွင် ထည့်ပေးခြင်း။
  3. Ebooks များကို Document Folder တွင် ထည့်ပေးခြင်း။
  4. Installer များကို Software Folder တွင် ထည့်ပေးခြင်း။
  5. အထက်ပါ ဖိုင်များတွင် Zip ဖိုင်ဖြင့် ချူံ့ထားသည်များပါခဲ့လျှင် Compress Folder ဖြင့် သိမ်းပေးခြင်း။

 

IDM ဖြင့် ဒေါင်းကြည့်လျှင် မိမိစက်တွင် download speed မှာ တဖြည်းဖြည်း တက်လာပါသည်။ လိုချင်သော ဖိုင် 5ခု ပြိုင်ဒေါင်း သော်လည်း Speed ကျသွားသည် မရှိပေ။ series စနစ်ပါဝင်သောကြောင့် ပျမ်းမျှ Speed နှုန်းဖြင့် ဒေါင်းသွားပါမည်။ Connection ယာယီပျက်တောက်သွားခြင်းအတွက် စိတ်ပူရန်မလိုပါ။ Resume Download ပါဝင်သောကြောင့် အစမှ ပြန်လည်ဒေါင်းယူစရာမလိုဘဲ ဒေါင်းလက်စ နေရာကနေ ပြန်လည်ရယူ မည်ဖြစ်သောကြောင့် ထို့အတွက် အချိန်စောင့်ဆိုင်းရမည် မဟုတ်ပေ။

 

ယခုပေးထားသော Portable ဆော့ဝဲလ် ကို အောက်ကလင့်ခ်မှ ဒေါင်းယူပါ။

 ( http://www.mediafire.com/?bbadkykn0kqh4o8 )

 

ဒေါင်းယူရရှိသော Zip ဖိုင်အတွင်းသို့ ၀င်ရောက်ပါ။ ထို့နောက် Software ကို ဖွင့်လိုက်ပါ။ Software ကို run ထားခြင်းကြောင့် Youtube ဆိုဒ်မှ video ကြည့်လျှင် video စတင်တာနှင့် ဘယ်ဘက်အောက်ခြေနားတွင်  Download video from this site ဆိုတဲ့ ရှည်မျောမျော button လေး ပေါ်လာပါမည်။ ကလစ်နှိပ်လိုက်ပါ။ ထို့နောက် Start Download ဆိုတာကို ထပ်နှိပ်ပါ။ Auto Download ချသွားပါလိမ့်မည်။ IDM ထဲတွင် dowload ရရှိပြီးသော ဖိုင်အား Right Click နှိပ်ပြီး Open Folder ကို ရွေးနှိပ်လိုက်ရုံဖြင့် File သိမ်းဆည်းထားသော နေရာဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။

 

ယခု ပေးထားသော IDM မှာ Potable ဖြစ်သောကြောင့် Install လုပ်စရာမလိုဘဲ လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ဒေါင်းလိုသည်ကို download မလုပ်မီ run ပေးရမည်ကိုတော့ မမေ့သင့်ပါ။ အလွယ်တကူ အသုံးပြုလို့ရသောကြောင့် USB Stick ထဲတွင် ပိုပိုလိုလို ဆောင်ထားသင့်ပါသည်။ အင်တာနက်ဆိုင်တွင် ဒေါင်းမည်ဆိုပါကလည်း အခြေနေကြည့်ပြီး ဒေါင်းစေချင်ပါသည်။ မဟုတ်လျှင် မိမိကြောင့် အင်တာနက် လိုင်းလေးသွားတာမျိုး မဖြစ်စေချင်ပါ။ အင်တာနက်ဆိုင်များမှာ IDM သွင်းမထားခြင်းမှာ ထို့ကြောင့်ပင် ဖြစ်ပါသည်။

 

IDM အသုံးပြုခြင်းဖြင့် အင်တာနက်မှ မိမိတို့ရယူလိုသော data များကို အခက်ခဲမရှိ ပိုင်ဆိုင်နိုင်ပါစေ…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s