Windows 7 Task Manager Error

အလျင်းသင့်တုန်းလေးမို့ Task Manager အကြောင်းလေး ရှင်းပြပါရစေ။ Ctrl + Alt + Del နှိပ်ပါ။ အပြာရောင် Screen ပေါ်လာသောအခါ Start Task Manager ကို ရွေးချယ်လိုက်ပါ။ Task Manager Software ကို ဖွင့်လိုက်ခြင်းဖြစ်ပါသည်။ မိမိမှ Run နေသော Software တစ်ခုအား ရုတ်တရက်ပိတ်လိုသောအခါ ( Not Responding ပြသောအခါ ) Task Manager အား အသုံးပြုရပါသည်။ Run ထားသော Software အား Select လုပ်ပြီး End Task နှိပ်ပါ။ နောက်ထပ် ပေါ်လာသော End Task ထပ်နှိပ်ပါ။ ဒါဆို run ထားသော Software ပိတ်သွားပါလိမ့်မည်။

Task Manager error ကျလျှင် Virus ကြောင့်ဖြစ်တာ များပါသည်။ သို့သော် ယခုတွေ့ရမည်ဖြစ်သော error မှာ virus ကြောင့်မဟုတ်ပေ။ Windows 7 ၏ တစ်ချို့ပြောင်းလဲထားသော ပုံစံများသည် လျှို့ဝှက်ဆန်လွန်းလှသည်။ ကျနော်တို့အနေဖြင့် ရှာဖွေတွေ့ရှိတတ်ဖို့လိုအပ်သည်။

အောက်မှ ပုံ (၁) ကိုကြည့်ပါ။ Title Bar, Tab Bar တစ်ခုမှ မပါဝင်တော့ပါ။ အပြည့်အ၀အသုံးချနိုင်ခွင့် မရှိတော့ပါ။ Task Manager ကိုတောင် ပိတ်လို့မရတော့ပါ။ ထိုအချိန်မျိုးမှာ ပိတ်ချင်လျှင် Star Bar မှ run နေသော Task Manager အား Right-click နှိပ်ပြီး Close လုပ်ပေးမှသာ အဆင်ပြေပါမည်။ ထို Error ဖြေရှင်းနည်းကို ပုံ (၂) တွင် ဖတ်ရှုပါ။

Error ဖြေရှင်းချက်။

ပုံ (၁) ကဲ့သို့ ဖြစ်ရခြင်းမှာ Task Manager ၏ ဘောင်အလွတ်ပေါ်တွင် double ကလစ်နှိပ်မိသောကြောင့် ဖြစ်ပါသည်။ အကြောင်းမှာ Task Manager ၏ အလွတ်နေရာတွင် Task Manager Box ကို ရွေ့သည့်အခါဖြစ်စေ ၊ တစ်ခုခုကို Select လုပ်သည့်အခါ mouse ၏ ကလစ်ကြောင်မှုကြောင့် ဖြစ်စေ အထက်ပါကဲ့သို့ပုံ ကဲ့သို့ Bar များ ပျောက်ကွယ်သွားတတ်ပါသည်။ Task Manager တွင် double click မှားနှိပ်မှုကြောင့် ဖြစ်ပေါ်လာတတ်သော နေရာလွတ်မှာ ပုံ (၂) တွင်ပါဝင်သော အနီရောင်ဘောင်အတွင်းမှ နေရာလွတ်များဖြစ်ပါသည်။

ထိုနေရာလွတ်တွင် double ပြန်နှိပ်ပါက ပုံမှန်မူလအတိုင်း ပြန်ပေါ်လာပါလိမ့်မည်။ သို့မဟုတ် ထိုနေရာလွတ်တွင် double ပြန်နှိပ်ပါက Bar များပျောက်ကွယ်သွားပါလိမ့်မည်။

အသစ်အသစ်သော နည်းပညာများဖြင့် တိုးတက်ကြပါစေ …


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s