အချစ်ဆိုသည်မှာ အုန်းရည်ပမာ

အချစ်ဟာ အုန်းရည်နဲ့ တူပါတယ်။ အုန်းရည်ဟာ ဘယ်အချိန်မှာ စတည်ဖြစ်လာသလဲဆိုတာ မမြင်နိုင် မသိနိုင်သလို အချစ်ကလည်း အဲဒီလိုပါပဲ။ အချစ်နဲ့ ပတ်သတ်ပြီး အိမ်ထောင်ကျသွားတာနဲ့ အုန်းသီးကို ခွဲပြီး တူညီပုံ  တူညီချက်ကလေးကို ပြောပါဦးမယ်။

နုနယ်သော အုန်းသီး ။  ။
အပင်ပေါ်မှာ စိမ်းနေတဲ့ အုန်းသီးစိမ်းသေးသေးလေး သူ့မှာအရည်ရှိတယ်ထားဦး။ အဲဒီအရည်က အရသာရှိပါ့မလား။ ဓါးနဲ့ ခွဲလိုက်မယ် ဆိုရင်လည်း သိပ်မခွဲလိုက်ပါဘူး။ ဖန်နေမှာပေါ့။ နောက်ပြီး အထဲက အုန်းဆံကရော ပါးပါးနည်းနည်းလေးခနလေးစားလိုက်တာနဲ့ ကုန်သွားမှာ။

ငယ်ရွယ်သောသူ ။  ။
မိဘအုပ်ထိန်းသူနဲ့မလွတ်သေးတဲ့အရွယ်ငယ်ငယ် သူ့မှာအချစ်ရှိတယ်ဆိုပါတော့။ အဲဒီအရွယ်မှာထားတဲ့အချစ်က ရေရှည်ဖြစ်နိုင်ပါ့မလား။ တာရှည်တည်မြဲနိုင်ပါ့မလား။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့သူတွေဆိုတော့ တင့်တင့်တယ်တယ်ရှိပါ့မလား။ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်သူတွေ ဖြစ်လို့ ဒုက္ခဖြစ်ဖို့များပါတယ်။

အလတ်စား အုန်းသီး ။  ။
သူကတော့ စိမ်းဝါရောင်အဆင်းနဲ့ သိပ်ကို တင့်တယ်တာပေါ့။ သူ့ကို ချွေပြီး ဓါးနဲ့ခွဲမယ်ဆိုလည်း လှလှလေးနဲ့ သေသေသပ်သပ်လေး ခွဲပေးရတယ်။ ဒါမှ လှပထဲ အခွံမာအုန်းသီးလေး ရမှာပေါ့။ နောက်ပြီး အုန်းရည်လေးကလည်း  မွေးမှမွေး ချိုမှချို ။ အုန်းသီးဆံကလည်း စိမ့်မှစိမ့်။

အရွယ်အလတ်ပိုင်းရှိသောသူ ။  ။
မိဘအုပ်ထိန်းသူနဲ့ လွတ်သလို မလွတ်သလို အရွယ်ပါပဲ။ သင့်တင့်လျောက်ပတ်တဲ့အရွယ်ဆိုပါတော့။ ဒီအရွယ်မှ အိမ်ထောင်ကျခြင်းဟာ စဉ်းစားချင့်ချိန်နိုင်တဲ့အရွယ်ဖြစ်လို့ အိမ်ထောင်မှုကို နိုင်နင်းသူတွေလို့ ဆိုရမှာပါ။ အဲလို ပိုင်နိုင်တဲ့အတွက် အချစ်ဖြင့် အရင်းတည်သော မေတ္တာတရားသည် ပျော်ရွှင်မှုဖြင့် အစပြုကာ တည်မြဲစွာလျှောက် လှမ်းနိုင်ပါလိမ့်မယ်။

ရင့်မှည့်သော အုန်းသီး ။  ။
အုန်းသီးအခွံကိုက ရှုံ့နေပြီလေ။ ဓါးနဲ့ခွဲမယ်ဆိုရင်တောင် ထုံတုံတုံနဲ့။ ခွဲရတာ ခက်လိုက်တာ။ ခွဲလို့ရရင်လည်း ဒီအုန်းသီးက အဆင်မပြေတော့ပါဘူး။ အုန်းရည်ကလည်း အုန်းဆီအနံ့ထွက်နေပြီ။ အုန်းသီးဆံကလည်း အုန်းဆီတွေ စမ်းထားသလို စားလို့မကောင်းတော့ဘူး။

အရွယ်လွန်သောသူ ။  ။
သူကတော့ အချစ်ဆိုတာကို တော်တော်စဉ်းစားနေရပြီ။ သူ့အတွက် အချစ်က အဓိကတောင် မဟုတ်တော့သလိုပဲ။ ဒီတော့ ဒီအရွယ်မှာ အိမ်ထောင်ကျဖို့ သိပ်ခက်သွားပြီလေ။ အိမ်ထောင်ကျမယ်ဆိုရင်တောင် မတူညီတဲ့အခြေအနေကြောင့် ဟိုတွေး ဒီတွေးနဲ့ သံသယစိတ်တွေကြောင့် သာယာပျော်ရွှင်သော တည်မြဲစေချင်သော အိမ်ထောင်ရေးသည်လည်း ပြိုကွဲဖို့ပင် ရှိလေသည်။

ထို့ကြောင့် ပြုလုပ်ဆောင်ရွက်သင့်သော အချိန်ကျလင့်ပြီဆိုပါက ပြုလုပ်ဆောင်ရွက်ဖို့ အချိန်တန်ပေပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s