ကျော်မယ်ခွမယ် – Tor ကြီးရှယ်

အင်တာနက်လိုင်းရပြီး website အတက်နှေးနေတာပဲ ဖြစ်ဖြစ် ၊ လိုင်းကျလုလုလေးနေတဲ့အခါပဲ ဖြစ်ဖြစ် ၊

တစ်ချို့ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ ဖွင့်ချင်တဲ့အခါပဲ ဖြစ်ဖြစ် အသုံးပြုနိုင်အောင် Portable browser တစ်ခုကို တင်ပြပါ့မယ် ။ကြက်သွန်နီဥ ပုံစံလေးနှင့် Tor Browser ဖြစ်ပါတယ်။

ဒီ browse လေးကို ပေးထားတဲ့ လင့်ခ်ကနေ ဒေါင်းလုပ် ဆွဲလိုက်ပါ။

ဒေါင်းလိုက်တဲ့ဖိုင်ဟာ ချုံ့ထားတာ ဖြစ်တဲ့အတွက် ပြန်လည်ဖွင့်ချရမှာ ဖြစ်ပါတယ်။

Folder ရဲ့ icon ပုံစံလေးဟာ ကမ္ဘာလုံးကို ပလပ်တပ်ထားတဲ့ ပုံစံလေးနဲ့ပါ။

Folder ကို ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်တဲ့အခါ Folder အတွင်းက အ၀ါရောင် ကြက်သွန်နီဥ ပုံစံလေးကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီ ကြက်သွန်ဥလေးကိုလည်း ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။

သူရဲ့ launching icon လေးဟာ Start bar ရဲ့ ညာဘက်အောက်ခြေ ( နာရီပေါ်တဲ့နေရာ) မှာ တည်ရှိပါတယ်။

Start bar က ထိုကြက်သွန်နီအ၀ါရောင်ပုံလေးကို ကလစ်နှစ်ချက်နှိပ်ပြီး Launching Box ကို ကြည့်ရှုနိုင်ပါသည်။

ပုံမှာ ပြထားတဲ့အတိုင်း ကြက်သွန်ဥလေးရဲ့ဘေးမှာ Starting up …. ဆိုပြီး သူ့လုပ်ငန်းစတင်ပါလိမ့်မယ်။

အောက်ပုံမှာ ပြထားတဲ့အတိုင်း အင်တာနက်ချိတ်ဆက်နိုင်ရန်အတွက် network ကို loading ကို ခေါ်နေပါပြီ။

Connection to the Tor network failed (no route to host) ဆိုပြီး network ချိတ်ဆက်မှု မရရှိတဲ့အခါ Stop Tor ဆိုတာလေးကို နှိပ်လိုက်ပါ။

ကြက်သွန်ဥလေးက အနက်ရောင်ဖြစ်သွားပြီး ကြက်ခြေ ခတ်ပြနေပါလိမ့်မယ် ။ ပြီးလျှင် ပြန်ပြီး Start Tor ကို နှိပ်ပါ။

Loading ပြေးနေတဲ့ အပြာရောင်တန်းဘောင် ပြည့်သွားတဲ့အခါ  Start bar က ကြက်သွန်နီလေးဟာလည်း အစိမ်းရောင်ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုလျှင် အောက်ပါ အစိမ်းရောင် စာသားနှင့် Firefox Browser တစ်ခု ဖွင့်လာပါလိမ့်မယ်။

ဒီ browser ဟာ Window မှာ တင်ထားတဲ့ Firefox browser နှင့် ဘာမှ မသက်ဆိုင်ပါဘူး။

Portable Tor browser ကပါတဲ့ သီသန့် browser ဖြစ်ပါတယ်။

ထို့ပြင် Tor browser ၏ ညာဘက်အောက်ခြေတွင် Tor Enabled ဆိုပြီး အစိမ်းရောင်နှင့်တွေ့ရပါမည်။

URL : မှာ ပေါ်နေတဲ့ စာသား

https://check.torproject.org/?lang=en-US&small=1  (အစား) http://www.google.com ဆိုပြီး ရိုက်ထည့်ပါ။

အဆင်ပြေရာ နိုင်ငံ တစ်ခုခု ဖြင့် ချိတ်ဆက်သွားပါလိမ့်မည်။

http://www.google.com.sg (စင်္ကာပူ နိုင်ငံ)
http://www.google.com.fr ( ပြင်သစ်နိုင်ငံ)

Google Logo ၏ ဘေးတွင် ချိတ်ဆက်ထားသော နိုင်ငံကို ဖေါ်ပြထားပါသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘယ်နိုင်ငံက Socks proxy ဖြင့်

ဝင်ရောက်ထားသလဲဆိုတာကိုပါ သိရှိနိုင်ပါတယ်။

Tor ကြီး ကို  အသုံးပြုခြင်းဖြင့် အင်တာနက် surfing လုပ်ခြင်းမှရရှိသော စိတ်ညစ်စရာများ ၊ စိတ်ဆင်းရဲစရာများ ကင်းရှင်းကြပါစေ …

Download Link : ဒေါင်းလုပ်ဆွဲချရန် ( ကလစ်နှိပ်ပါ )

ကိုယ်တိုင်ရေး – kokyawzin

4 thoughts on “ကျော်မယ်ခွမယ် – Tor ကြီးရှယ်

    • ကျနော် ပြန်ဒေါင်းကြည့်တာတော့ အဆင်ပြေပါတယ်။
      အဲဒီဘက်မှာ Mediafire ကို ပိတ်ထးတယ်ဆိုရင်တော့ မပြောတတ်ပါ။
      ကျနော်က Mediafire နဲ့ တင်ထားတာမို့ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s