Ballance ဂိမ်းလေး

Ballance ဂိမ်းလေးပါ

……………………………………..

ဒီ ဂိမ်းလေးဆိုရင် ခုချိန်မှာ တော်တော်လေးကို ရှာရဖွေရ ခက်နေပါပြီ ။ ကျွန်တော်တောင် မနည်းရှာထားရတာပါ ။

ကျွန်တော် အနှစ်သက်ဆုံး ဂိမ်းလေးဆိုလည်း မမှားပါဘူး.. ဆော့ကြည့်ပါဦးနော် …

သိပ်ကို ဆန်းကြယ်တဲ့ အမြင်သစ်နဲ့ ရင်ဖိုစရာကောင်းတဲ့ ဂိမ်းလေးပါ…

နှလုံးရောဂါ ရှိရင်တော့ မဆော့ပါနဲ့လို့ အကြံပေးချင်ပါတယ်……. 🙂

ဒီဂိမ်းမှာ သွားလမ်းတွေပေါ် လှုပ်ရှားနေရတာဟာ ဟန်ညီအောင် မနည်းထိန်းနေရပါတယ် ..

လမ်းမရှိတဲ့နေရာတွေကိုလည်း ကိုယ်တိုင် လမ်းထွင်သွားလာနိုင်ဖို့ ရှာဖွေ ပေးရပါသေးတယ်..

ဒီလိမ့်နေတဲ့ အလုံးလေးကို ပုံစံ သုံးမျိုး ( ကျောက်တုံး ၊ သစ်သား ၊ စက္ကူ ) တစ်လှည့်စီ ပြောင်းလဲ ဆော့ကစားပေးရပါတယ်..

အရာဝတ္တု တစ်ခုခုကို တွန်းတိုက်ဖို့ဆို ကျောက်တုံးအဖြစ် ပြောင်းလဲပေးရပါတယ်။

ပုံမှန် အရှိန်လေးနဲ့ ဆော့လို့ကောင်း ထိန်းလို့ကောင်းတာ သစ်သား အလုံးလေးပါ ။

စက္ကူအလုံးလေးကတော့ လေရဲ့တွန်းအားနဲ့ အပေါ်တက်ချင်တဲံအခါ ကူးပြောင်းရွေးလျားတဲ့အခါ အသုံးပြု၇ပါတယ်. .

သူအမျိုးအစားနဲ့သူ အသုံးပြုပြီး ကိုယ်ရောက်ချင်တဲ့ လမ်းတစ်ခုကို ကျော်ဖြတ်ဖို့ရာ ကိုယ့်ရဲ့ ကြိုးစားမှုရော ဥာဏ် အရည်အသွေးပါ ထည့်သွင်းပေါင်းစပ်ပြီး ကျော်ဖြတ်ရမှာမို့ …

အပြင်မှာ လက်တွေ့ဖြတ်သန်းနေရတဲ့ ဘ၀ခရီးတောာင် ဒီလောက်ရင်ဖိုခံစားနိုင်ပါ့မလား..

ကဲကဲ ……. ဒေါင်းလုပ်ဆွဲပြီး ရင်ခုန်ကြည့်ရအောင်နော်..

Download Link : ဒေါင်းလုပ်ဆွဲရန် ( ကလစ်နှိပ်လိုက်ပါ )

မှတ်ချက် ။  ။ Installer setup ကို install အရင်လုပ်လိုက်ပါ ။ Desktop icon ပေါ်လာတဲ့အခါ  Right click နှိပ်ပြီး properties ကို နှိပ်လိုက်ပါ ။ Find target  ကိုရှာဖွေပြီး ထပ်နှိပ်လိုက်ပါ .. ။ သူ့ရဲ့ install လုပ်ထားခဲ့တဲ့ location ကို တွေ့ရပါလိမ့်မယ်။ အဲဒီအခါကျမှ ကျွန်တော်တို့ ဒေါင်းပြီး ဖြည်ထားတဲ့အထဲ က ballance with crack ဆိုတာကို နှစ်ချက်ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ ။ အဲဒီထဲက ဖိုင်အားလုံးကို ကော် ပီ ကူးယူပြီး ခုန Location ထဲကို ရောထည့်လိုက်ပါ .. ဒါဆို  စိတ်ချမ်းသာစွာဖြင့် level အဆုံးတိုင်အောင်
ဆော့ကစားနိုင်ပါစေလိမ့်မည်။

ကိုယ်တိုင်ရေး –  kokyawzin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s