Puzzle Hero ဂိမ်းလေး

အရမ်းပဲ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးပါ ။

ကျွန်တော်တို့ ဂိမ်းဆိုင်မှာတော့ ဒီ ဂိမ်းလေးက သိပ်ကို Popular ဖြစ်ပါတယ်။

သုံးမျိုးတူ ၊ လေးမျိုးတူ (တူရာ တူရာ ) လေးတွေကို တွဲပြီး ဖျက်ပေးရတာပါ။

ကြယ်တုံးဆက် ကစားနည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။

ကြက်ခြေခတ်ဓါး သုံးခု စပ်မိရင် ရန်သူကို သွားချပါလိမ့်မယ်။

ရွှေအိုး သုံးခု စပ်မိရင် ပိုက်ဆံ တိုးလာပါလိမ့်။ အဲဒီ ပိုက်ဆံနဲ့ ၀တ်စုံတွေ ၊ ဓါးနဲ့ဒိုင်းကာ တွေ ၊ စွမ်းအားတွေ ၀ယ်ရ မှာပါ။

Hero က မိန်းကလေး ဖြစ်တာကြောင့် အလှပြင်ဆိုင်သွားပြီး ခြယ်သလို့လည်း ရပါသေးတယ်။

ကျွဲသုံးကောင် စပ်မိရင်တော့ Super Damage ရမှာဖြစ်ပါတယ်။ အဲဒီကျွဲပုံလေး ပြည့်သွားရင် သုံးလို့ရပါပြီ ။ တစ်ချက်ခုတ်ရင် ရန်သူ့သွေး

တော်တော်လျော့ကျသွားမှာပါ။ ဒါပေမယ့် တစ်ခါပဲ သုံးလို့ရမှာဖြစ်ပါတယ် ။

Shield ဒိုင်းကာ သုံးခု စပ်မိရင် Super Shield ရမှာပါ။ ဒိုင်းကာပုံလေး ပြည့်အောင်စပ်မိသွားရင်တော့ Auto Shield ကာသွားမှာပါ။

ရန်သူရဲ့ပစ်ချက်က ကိုယ့်ကို မထိဘဲ Zero အနေနဲ့ ပျက်ပြယ်သွားမှာပါ။ ဒါကလည်း တစ်ခါပဲ ကာမှာပါ ။ နောက်ထပ် ပြည့်မှ ထပ်သုံးသွားမှာပါ။

သွေးပုလင်း သုံးခု စပ်မိရင်တော့ ကိုယ့်ရဲ့လျော့နေတဲ့သွေး နည်းနည်းပြန်တိုးသွားပါလိမ့်မယ် ။

သစ်ခက်ခွေလေး သုံးခု စပ်မိရင်တော့ သတ်မှတ်ထားတဲ့အရေအတွက်ပြည့်မှီတာနဲ့ Level တစ်ဆင့်တိုး သွားပါလိမ့်မယ်။

စွမ်းအား လက်စွပ် ၀ယ်ထားရင်တော့ Mana စုရ ပါလိမ့်မယ်။ အဲလိုဝယ်ရင် ဦးထုပ်အပြာ လေးတွေ ပေါ်လာပါလိမ့်မယ်။

အဲဒါက စွမ်းအားသုံးလို့ရအောင် သုံးခု စပ်ပြီး စုပေးရတာပါ။ စွမ်းအား သုံးမျိုးရှိပါတယ် (မီး ၊ အဆိပ် ၊ ရေခဲ ) ပါ ။

ရန်သူက ရေခဲကို 15% ကာနိုင်တယ်ဆိုရင် မီးကို သုံးပေးရမှာပါ။

ပစ္စည်းသုံးခုစပ်ရင် ရန်သူကို အလှည့်ပေးရပါတယ် ။ တကယ်လို့ လေးခုစပ်မိရင် နောက်ထပ်တစ်ချိန် ထပ်ပြီး ပစ္စည်းစပ်ခွင့်ထပ်ရပါသေးတယ် ။

အဲလိုကြိုးစား ကစားရင်း တစ်အိမ်ပြီးတစ်အိမ် ရန်သူတစ်ယောက်ပြီး တစ်ယောက် ကို အနိုင်ယူဆော့ကစားရမှာပါ။

ရန်သူအပေါ် နိုင်ချင်တဲ့စိတ်က ကစားနေသူကို လွှမ်းမိုးသွားပြီး အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်တာကို တွေ့ရပါလိမ့်မယ် ။

ဆော့လို့ကောင်းလို့ သူငယ်ချင်းတို့များ ဆော့ချင်တယ်ဆိုရင် အဆင်ပြေအောင် တင်ပေးလိုက်တာပါ။  ပျော်ရွှင်ပါစေ နော်။

Download Link : ဒေါင်းလုပ်ဆွဲချရန် ( ကလစ်နှိပ်ပါ )

ကိုယ်တိုင်ရေး – kokyawzin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s