မိန်းကလေးတွေအတွက်အဓိက

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်၇င်မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။ (ဆန်းစစ်ဖို့ လုံလောက်တဲ့အချိန်ကိုယူသင့်ပါတယ်)

2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးအမှန်အတိုင်းချစ်သူယောက်ျားလေး
ကို ပြောပြပေးပါ။အချိန်ကြာပြီးမှလိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…

4. မိန်းကလေးအများစု ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့။ ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး
ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?

5.ယောက်ျားလေးတွေဟာ ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ် ဆိုတာကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့ နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး …
နေ့ စွဲတွေက အလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။

6.ယုံကြည်မှုပေးပါ – ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာ နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။

7.ယောက်ျားလေးတွေမှာလည်း မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်
ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။

8.. ယောက်ျားလေးတွေက ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့် ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

9.တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

10.ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ ချစ်သူလို့ ပြောဖို့ ၊ မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့မှာကျတော့ ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …

11. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံလစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

12.ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်…စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

13.ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့တာဝန်ပါ …
ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

14. မိန်းကလေးတစ်ယောက်က ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ ၊ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ …။

15.ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့  ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ့ အဆုံးအဖြတ်တွေပါ ။

16. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို မကြိုက်၇င် ချစ်သူမိန်းကလေး က
ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ့  နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။အထက်စီးကပြောရင်တော့မရဘူးနော်။

17့  မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။ ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့   ယောက်ျားတစ်ယောက်ဟာ မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။
ဒါပေမယ့် ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက် အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..

18.ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်း တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ)
မထင်ထားတာတွေဖြစ်တတ်ပါတယ်

— 19.နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါဒီမှာနောက်တစ်ယောက်ရနေပြီ
လို့မပြောမိဖို့ပါပဲ (တစ်ချို့က သူတို့ကိုယ်သူတို့ လိပ်ပြာလုံသလိုလိုနဲ့ ဘယ်သူက သူကိုလိုက်နေတယ် ဘယ်ကကောင်ကသူကို ဘာပြောတယ်နဲ့
သူတို့ကောင်လေးတွေကိုပြောပြတတ်ပါတယ်။ နောက်ဆုံးတော့လည်း သူတို့ကောင်လေးထက် သာတော့ပါသွားကြတာပါပဲ။ )

Writer by ရတနာဖြိုး(အဖြူရောင်သံစဉ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s