နောက်ဆုံးတံခါးတစ်ချပ်

လူတွေရဲ့ ရင်ထဲက အတွင်းစိတ် က အိမ်တစ်လုံးနဲ့ တူတယ်ဆိုကြပါစို့…
အိမ်ဆိုတော့ ပြတင်းပေါက်တွေ တံခါးပေါက်တွေ ပါရမှာပေါ့နော်.. ကျမတို့ နေနေတဲ့ အိမ်ကလေးတွေထဲမှာ
မွန်းကြပ်မှုတွေရှိလာရင်.. ပျော်စရာတွေ ပြည့်နှက်လာခဲ့ရင်..

မျှဝေစရာ ပြောပြစရာက ပြတင်းပေါက်ကလေးတွေ တံခါးပေါက်တွေကနေ ဖွင့်ထုတ်ရမှာပေါ့..
အိမ်တစ်အိမ်မှာ ပြတင်းပေါက်လေးတွေ များများရှိရင်ကောင်းတာပေါ့.. ခင်မင်စရာ ချစ်ခင်ကြင်နာတဲ့သူ ယုံကြည်ရတဲ့သူ များတဲ့သဘောပေါ့ရှင်..
ပြတင်းပေါက်များလေ.. အဲ့ဒီအိမ်လေးက သန့်ရှင်းဖြူစင် နေချင့်စဖွယ်လေးဖြစ်နေမှာဖြစ်ပြီး…
တစ်ချို့ ပြတင်းပေါက် နည်းရှာတဲ့ မရှိရှာတဲ့ အိမ်ကလေးတွေကျ.. အိမ်ထဲမှာပဲ ဖောက်ခွဲ.. နာကျင်.. သိပ်ပင်ပန်းဆင်းရဲရှာမယ်နော်..
မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်၊ ချစ်သူရည်းစား.. စသဖြင့် .. ဘယ်သူမဆိုတော်တော်များများကတော့
ပြတင်းပေါက်ကလေးတွေ ဖြစ်နေနိုင်ကြပါတယ်..

ပြတင်းပေါက်လေးတွေ ဘယ်လိုပဲရှိရှိပေါ့လေ.. အကုန်လုံးဖွင့်ထုတ်လို့ရတဲ့ ပြတင်းပေါက်ဆိုတာကျတော့လဲ မဖြစ်နိုင်ပါဘူး..
ခေါင်းစဉ်တစ်ခုအတွက် ယုံကြည်စိတ်ချနိုင်ရင်တောင်..တခြားတခုအတွက်ကျ ခက်ချင်ခက်နေတတ်ကြရော..
ဒီလိုနဲ့ အိမ်လေးတွေတိုင်းမှာ.. နောက်ဆုံးထွက်ပေါက်ဆိုတာမျိုး သိမ်းထားတာ ရှိတတ်ကြပါတယ်.. ၀ှက်ဖဲတစ်ချပ်ပေါ့..
ပြတင်းပေါက်မဟုတ်တဲ့ တံခါးတစ်ချပ်.. လူတိုင်းရဲ့ နောက်ကွယ်မှာ.. အသိစိတ်နဲ့ဖြစ်စေ မသိစိတ်နဲ့ ဖြစ်စေ ရှိနေတတ်ကြပါတယ်..

ဘယ်တော့မှ ကိုယ့်ကို နောက်ကျောက ဓါးနဲ့ မထိုးမဲ့သူ.. ကိုယ့်အဖြစ်အပျက်တွေကို လှောင်ပြောင်ပျက်ရယ် မပြုတတ်တဲ့သူ.. မေတ္တာတရားနဲ့ ခံစားချက်တိုင်း နားလည် အားပေးမဲ့သူမျိုးကို…
အိမ်ကလေးရဲ့ နောက်ဆုံးတံခါးတစ်ချပ်လို့ အဓိပါယ်ဖွင့်ချင်ပါတယ်ရှင်..

တံခါးပေါက် မရှိတဲ့ အိမ်တော့ မရှိပါဘူး.. ရှာဖွေ မတွေ့ရှိသေးတာပဲ ရှိပါတယ်..
တံခါးတစ်ချပ်ဆိုတိုင်း .. ကိုယ်နဲ့ နီးနီးလေးမှရှိတဲ့သူ မဟုတ်ပါဘူး .. သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ .. ဘယ်သူမဆိုဖြစ်နိုင်ပါတယ်..
တချို့ ချစ်သူရည်းစားတွေကျတော့လည်း အပြန်အလှန် ဖုံးကွယ်ဟန်ဆောင်မှုတွေ ထိန်ချန်တာတွေနဲ့ ဘယ်လိုပဲ ချစ်ပါတယ်ဆိုဆို.. စိတ်ထဲတံခါးတစ်ချပ်ဖြစ်ရလောက်အောင်ထိ တည်ရှိမနေတတ်ကြပါဘူး .. ဒါကြောင့် သေသေချာချာ ရှာဖွေကြည့်မှသာ တွေ့မှာပါရှင်..
ကျမကိုယ်တိုင်လဲ အင်မတန် ကြပ်တည်းတဲ့ စိတ်ဒုက္ခအခြေအနေတွေ ကြုံလာမှ အဲ့ဒီလို တံခါးတစ်ချပ်ရှိမှန်းသိခဲ့ရတာပါ..

လူတိုင်း လူတိုင်း ကိုယ့်စိတ် အိမ်ကလေးတွေကို ကြည့်ကြည့်ကြပါရှင်..
အင်မတန် အဖိုးတန်တဲ့ နောက်ဆုံးတံခါးတစ်ချပ်ကို တွေ့ပါလိမ့်မယ်.. အဲ့ဒီသူကို ဒီပို့စ်လေးဖတ်ခိုင်းပြီး တံခါးခေါက်လိုက်ဖို့
မမေ့ပါနဲ့နော်…

း) .. မေတ္တာတရားနဲ့ ငြိမ်းချမ်းပျော်ရွှင်ကြပါစေရှင်..


(Ora) ဆိုဒ်မှ ကူးယူ ဖေါ်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s