ဘ၀မှာ သင် တန်ဖိုးအထားဆုံး အရာက ဘာလဲဆိုတာ သိချင်လား

ပုံပြင်လေးတစ်ပုံအရင်ပြောမယ်နော် ။

ဖိုးဝ နဲ့ မယ်ခ တို့ဟာ တစ်ယောက်ကိုတစ်ယောက် အသဲပေါက်မတတ် ချစ်ကြတဲ့ ချစ်သူနှစ်ဦးပါ ။

တနေ့မှာတော့ ဘယ်က ဘယ်လို ဖြစ်မှန်းမသိဘူး … သူတို့ ၂ ယောက်ကြား မြစ်ကြီးတစ်စင်း ခြားပြီး ချစ်သူ ၂ ဦးကွဲနေကြပါလေရော..။ မြစ်ကြီးက ရေစီးလဲ သန်သန် ၊ နက်ကလဲနက် ၊ ကျယ်ကလဲကျယ် လွန်းတာမို့ လှေမှတပါး တခြားဖြတ်ကူးစရာ နည်းလမ်းကမရှိဘူး ။

အဲ.. ဖြစ်ချင်တော့ မယ်ခရှိတဲ့ ဘက်ကမ်းမှာ လှေတစင်းကရှိနေတယ် ။
လှေသမား နာမည်က မောင်ပွား တဲ့ ။
မောင်ပွားက ဖိုးဝ နဲ့ မယ်ခ တို့၂ယောက်အကြောင်းကအတွင်းသိ ၊အစင်းသိ သိတဲ့လူ ။
သူတို့ ၂ ယောက်ကတကယ့်ကိန္နရီ မောင်နှံ လို တစ်ညလေးဝေးရုံ နဲ့နှစ်ပေါင်း ခုနှစ်ရာ ဆွေးကြ လောက်အောင် ဆွေးကြမဲ့သူတွေ ဆိုတာသိနေတဲ့ မောင်ပွား ။

မယ်ခ ကဟိုဘက်ကမ်းကို ပို့ပေးဖိုပြောတော့ နောင်ပွားကဘယ်နှယ့် ပြောတယ်မှတ်လဲ ။ ငွေ နှစ်ထောင်ရမှ ပို့နိုင်မယ်တဲ့ ။ ဈေးမှန်က သည်ခရီး နဲ့ သည်ခရီး အလွန်ဆုံးတန်လှ တစ်ထောင်ပဲ တန်တာလေ ။
အဲဒါ ကိုပုံမှန်ထက် ၂ ဆတောင်းချလိုက်တယ် ။
မယ်ခ မှာက ပိုက်ဆံ ဆစိပြားဆိုတစ်ပြားမှ မရှိဘူး ။
ဖိုးဝ ရှိရာကိုလဲ သွားချင်လှပြီ ။ ဖိုးဝ ကိုလွမ်းတဲ့စိတ်နဲ့တင် ရင်ကွဲနာကျနေတာများ အသက်တောင်ထွက်တော့မတတ်..

သည်နေရာမှာ ဇာတ်ကောင်တစ်ကောင်က ထပ်ပေါ်လာတယ် ။

အဲဒါက ကိုရွှေရ

ကိုရွှေရ ကမယ်ခဖြစ်အင်ကိုမြင်တယ် ။
သည်အခါမှာ မယ်ခရယ် .. နင်လိုတဲ့ပိုက်ဆံ နှစ်ထောင် ငါပေးပါ့မယ်ဟာ..
ငါနဲ့ ခဏ လိုက်အိပ်ပါလို့ပြောတယ် ။မယ်ခ မှာက ရင်ကွဲနာနဲ့ သေမတတ်ဖြစ်နေတဲ့တူတူ ကိုရွှေရ ရဲ့ အလိုကို လိုက်လိုက်ပြီး ပိုက်ဆံနှစ်ထောင်ကိုယူလိုက်တယ် ။

ပိုက်ဆံရတာနဲ့တချိုးထဲ လှေသမားမောင်ပွားလက်ထဲ ထည့်ပြီး တစ်ဖက်ကမ်းကို ပျော်ရွှင်စွာ ကူး သွားတယ်ပေါ့ ။ ဟိုဘက်ကမ်းရောက်တော့ သူ့ချစ်သူ ဖိုးဝ နဲ့ ရွှေလက်တွဲပြီးပျော်ပွဲ ၀င်တယ် ။အမှန်က ချစ်သူကျ ၂ဦး ပျော်ရွှင်စွာ ညားကြလေသတည်းဆိုပြီး ဆိုတာမျိုးနဲ့ ဆုံးရမှာလေ ။

ဒါပင်မဲ့ မဆုံးသေးဘူးနော် ။

ဖိုးဆွေ ဆိုတဲ့ ဇာတ်လိုက်တစ်ယောက်က တစ်နေ့ထပ်ပေါ်လာတယ် ။

ဖိုးဆွေ ဆိုတာ ဖိုးဝ ရဲ့ငယိသူငယ်ချင်းအရင်းခေါက်ခေါက် ဖြစ်တဲ့အပြင် ကိုရွှေရ နဲ့လဲ အတွင်းသိအစင်းသိ ။
ဖိုးဆွေက ကိုရွှေရ နဲ့ မယ်ခဖြစ်ပျက်ခဲ့သမျှကို သိလည်းသိသွားရော တခါတည်း ဖိုးဝဆီ ပြေးလာပြီး အကြောင်းစုံကို ပြောပြလိုက်ပါလေရောလား ။

အိုး…ဘယ်ပြောကောင်းမလဲ ။
ဖိုးဝလဲ မယ်ခကို ချက်ချင်းခေါ်ပြီးသူနဲ့ မယ်ခတို့ အချစ်ဇာတ်လမ်းဟာ ညောင်ညိုပင် စခန်းကိုရောက်ခဲ့ပြီမို့ လမ်းခွဲစကားကို တခါတည်းဆိုတယ် ။
မယ်ခ မျက်ခွက်ကိုလည်း မကြည့်ချင်တော့ဘူး ။ အသံကိုလဲမကြားချင်တော့ဘူး ။မယ်ခ အရိပ်ကိုတောင် မမြင်ချင်တော့ဘူးပေါ့နော်… ။

ကဲ…ဇာတ်လမ်းက ဒီမှာဆုံးတယ်..။

စာဖတ်သူ လုပ်ကြရမဲ့ အလုပ်ကလေးက သည်ပုံပြင်နောက်မှာ ကပ်ပါနေပါတယ်။

အဲဒါကတော့ ဖိုးဝရယ် ၊မယ်ခရယ် ၊မောင်ပွားရယ် ၊ကိုရွှေရရယ် ၊ဖိုးဆွေရယ်ဆိုတဲ့ လူ ၅ ယောက်ကို အဆင်းသတ်မှတ်ပေးဖို့ ပါပဲ ..။

ဘယ်သူက အကောင်းဆုံး ၊ဘယ်သူက အဆိုးဆုံးဆိုတာကို သတ်မှတ်တော်မူပေးကြပါနော် ။ အကောင်းဆုံးလူကို နံပတ် ၁၊ အဆိုးဆုံးလူကို နံပတ် ၅ ပေါ့..။
ဘယ်သူကိုမှ ချန်မထားခဲ့ပါနဲ့..။၁-၂-၃-၄-၅..အားလုံးကို အဆင့်သတ်မှတ်ပေးမှကို ဖြစ်မှာပါ.။

ကဲ..စာရွက်ထဲ ချရေးရင်လဲ ချရေးလိုက်နော်..။ ဒါဆိုတန်းစီကြည့်ရအောင်..

၁။——————

၂။——————

၃။——————

၎။——————-

၅။——————-

ဒါကိုမဖြည့်သေးပဲ ဘာကိုမှဆက်မဖတ်စေချင်သေးပါဘူး..။ အဖြေကိုကျော်ဖတ်လိုက်မယ်ဆိုရင် ကျွန်မပြောချင်တာ ကို လူကြီးမင်းတို့ဘယ်လိုမှ ရနိုင်မှာမဟုတ်တော့ပါဘူး..။

အဖြေ….

သည်လူ ၅ ယောက် အပေါ် စာဖတ်သူလူကြီးမင်းများရဲ့ အဆင့်သတ်မှတ်ချက်ဟာ ဘ၀မှာ လူကြီးမင်းတို့ ဘာတွေကို တန်ဖိုးအထားဆုံး ဆိုတာ ဖော်ပြလို့နေပါတယ်။

နံပတ် ၁ က လူကြီးမင်းတန်ဖိုးအထားဆုံးအရာဖြစ်ပြီး ၊
နံပတ် ၅ကတော့ လူကြီးမင်းတန်ဖိုးမထားဆုံးအရာပေါ့နော်..။

ကဲ…

ဖိုးဝ က “ လူ့ကျင့်ဝတ်” ကိုယ်စားပြုပါတယ်..။

မယ်ခက “အချစ်”်ကို ကိုယ်စားပြုပါတယ်..။

မောင်ပွားက “စီးပွားရေး” ကိုကိုယ်စားပြုပါတယ်..။

ကိုရွှေရက “ရမ္မက်”ပါ..။

ဖိုးဆွေကတော့ “မိတ်ဆွေ”ပေါ့နော်..။

ဘယ်နှယ့်တုံး စာဖတ်သူလူကြီးမင်း..။ ဘ၀မှာကိုယ်တန်ဖိုးအထားဆုံးအရာတွေကို မြင်ရပြီ မဟုတ်ပါလားနော်..။

(ဆရာတ္တကျော်၏ ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ စာအုပ်မှ ကောက်နုတ်ဖေါ်ပြသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s