ဘုရားရှင်ဟောတဲ့ လူလေးမျိုး

၁။ လူငရဲသား
ငရဲပြည်မှာ ငရဲခံနေရတဲ့ ငရဲသားတွေဟာ ဒါန၊သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ် တခုမှ လုပ်ခွင့်မရပါဘူး။ ငရဲသက်မကုန်မချင်း ညှင်းပန်းနှိပ်စက်မှုကို ဆက်တိုက်ခံနေရပါတယ်။ အဲ့ဒီလိုပဲ လူ့ဘ၀မှာ လူတွေ လာဖြစ်ကြပါတယ်။ တချို့ကတော့ ထောင်သွင်း အကျဉ်းချပြီး ထောင်သားများဟာ နေ့စဉ် ဒါန၊ သီလ၊ ဘာဝနာ တခုမှ မလုပ်နိုင်ပဲ အညှင်းပန်း အနှိပ်စက် ခံကြ၇ပါတယ်။ အဲ့ဒီလူသားများကိုတော့ လူ့ငရဲသားများလို့ခေါ်ပါတယ်။ လူ့လောက မှာ ဒီလိုလူ့ငရဲသားတွေ ရှိပါတယ်။

၂။လူ့တိရိစ္ဆာန်
တိရစ္ဆာန်တို့ဟာ အိပ်၊ စား၊ ကာမဂုဏ် ခံစားဘို့သာ သိပါတယ်။ အဲ့ဒီလို အချိန်ကုန်နေတဲ့ အတွက် ဒါန၊ သီလ၊ဘာဝနာ တခုမှ မလုပ်နိုင်ကြပါဘူး။ တချို့ပုဂ္ဂိုလ်တွေဟာ လူတော့ လာဖြစ်ပါရဲ့ ။သို့သော် သူတို့ဘ၀ တခုလုံးကို အိပ်ခြင်း စားခြင်း ကာမဂုဏ်ပျော်ပါးခြင်း တို့နဲ့သာ အချိန်ကုန် ခံကြပါတယ်။ ဒါန၊ သီလ၊ဘာဝနာ တခုမှ မကြိုးးစားပါ။ အဲ့ဒီလို လူစားမျိုးကို လူ့ တိရိစ္ဆာန်လို့ ခေါ်ပါတယ်။ လောက မှာ အဲ့ဒီလိုလူစားမျိုးလည်း ရှိကြပါတယ်။

၃။ လူ့ပြိတ္တာ
ပြိတ္တာဆိုတာ ရပ်ကွက်အခေါ်တော့ သရဲ၊တစ္ဆေ၊မှင်စာ၊ ဘုတ်တို့ကို စာလိုခေါ်တော့ ပြိတ္တာပါ။ ပြိတ္တာလောက က လူနဲ့စာရင် ပိုများပါတယ်။ ( ဥပမာတခုအနေနဲ့ ပြောရရင် ရွှေပြည်သာ ဆေးခန်းမှတ်တိုင်မှာ စည်ပင်ရုံးနားမှာ မြောင်းကြီးက အနံပေ၄၀၀၊ ၅၀၀ေ လာက်ရှိတယ်။ အကျယ်ကြီး။ အဲ့ဒါသရဲအိပ်စရာနေရာပါ။ ပြောပြတဲ့ဘုန်းကြီးရဲ့ ရေနံချောင်းက တူမတယောက်ဟာ ရောဂါကုမရလို့ ရန်ကုန်ရွှေပြည်သာမှာ လာကုပါတယ်။ အနာတခြား ဆေးတခြားဖြစ်နေတာ။ သူ့ရောဂါက ပရောဂလို့ခေါ်တယ်။ မကောင်းဆိုးဝါးလုပ်တဲ့ရောဂါ ။ ကျောင်းရောက်ပြီး ညနေမှာ အဲ့မိန်းခလေးကို မကောင်းဆိုးဝါး ၀င်ပူးတယ်။ ယောက်ျားအသံနဲ့ ပြောတယ။် ကျောင်းထိုင် ဘုန်းကြီးက မနောဆေးတို့ပတ်ဂိုဏ်းဆိုတော့ ဂိုဏ်းအစွမ်းနဲ့ သရဲကို နှုတ်လိုက်တယ်။ သရဲပြေးလို့မရတော့ဘူး။ ဘုန်းတော်ကြီးက စစ်မေးပါတယ်။ ဘယ်ကသရဲလဲတဲ့။ ဒီကလေးမလေးနေတဲ့ ရွာထိပ်မှာ သရဲဖြစ်နေတာ ကြာပါဘီတဲ့.. အခု ဒီကလေးမကို သတ်မလို့ အစောင့်ထားခဲ့မှာပါ ။နေရာပြောင်းပြီး ကျွတ်အောင် လွတ်အောင် သွားချင်လို့ ပါတဲ့။ ဒါနဲ့ ဘုန်းကြီးက တရားဟောပြီး ထွက်သွားလိုက်တယ်တဲ့။ နောက်နေ့ကျတော့ အဲ့ကလေးမကို အသက်ကြီးကြီး မိန်းမတယောက် ၀င်စီးပြန်ရော။ ဘုန်းကြီးက မေးတော့ တပည့်တော်မကို မမှတ်မိဘူးလားတဲ့ အရှင်ဘုရားရဲ့ အစ်မတော် ပါတဲ့ ။ (ကလေးမလေး၇ဲ့ အမေနာမည်လေးကို ပြောပြပါတယ်။ သေသွားတာ တနှစ်ရှိပြီတဲ့။ ) တပည့်တော် ဒါနသီလတွေတော့ လုပ်ခဲ့ပါရဲ့ .. သေခါနီးမှာ အသေမတတ်ပဲ ဒါန သီလ ဘာဝနာကို အာရုံမပြုပဲ သမီးကို စိတ်မချတဲ့စိတ်နဲ့ စွဲပြီး သေသွားတော့သရဲ ဘ၀ရောက်ခဲ့၇ပါတယ်။ အခု အရှင်ဘုရားတို့ သမီးလေးကို ဆေးကုတာ အနာတခြား ဆေးတခြား ဖြစ်မှာစိုးလို့ သတိလာပေးတာပါဘုရား။ ပရောဂနဲ့ ပတ်သက်တဲ့ ဆေးသာ တိုက်ပါ။ ပျောက်ပါတယ်တဲ့။ ဒါနဲ့ ဘုန်းကြီးလည်း သူ့ဆွေမျိုးဆိုတော့ သရဲမကို မေးတယ်။ ဒကါမကြီး ရေနံချောင်းက နေဒီကိုလာတာ ကားခပေး၇သေးလားတဲ့။ သရဲမက မပေးရပါဘူး။ တပည့်တော်တို့ စိတ်ကရောက်ရင် ဘယ်နေရာမဆို ရောက်ပါတယ်။ ဒါဆို ဒကာမကြီးတို့ ညဆို ဘယ်သွားအိပ်လဲ မေးတော့ အဲ့မြောင်းကြီးကို ထိုးပြပြီး အဲ့ထဲမှာ သေတဲ့သူတွေ အကုန်ဝိုင်းအိပ်ကြပါတယ်။ နေရာရော ရရဲ့လားမေးတော့ ။ သေတဲ့လူတွေ များလွန်းအားကြီးလို့ ညည အိပ်စရာမရှိလို့ ၇န်ဖြစ်တာ ဆူညံနေတာပဲ လို့ စိတ်ညစ်၇တယ်။ တပည့်တော်ကတော့ လူ့ဘ၀တုန်းက ကျောင်း၊ ဇရပ် အဆောက်ဦးလှူတဲ့ ဒါနကြောင့် သရဲဖြစ်တာတောင် ဗိမာန်ပေါက်ပါတယ်တဲ့။ နေစရာ အဆင်ပြေပါတယ်။
သရဲမတယောက်က ဘုန်းတော်ကြီးကို ပြောပါတယ်။ တပည့်တော် ကျွတ်မှာပါဘုရား တပည့်တော် ဒီသမီးလေး စိတ်မချလို့သာ ဒီမှာ ကြာနေတာပါ ကျွတ်ဘို့ သိပ်မလိုတော့ပါဘူးဆိုပြီး ထွက်သွားတယ်တဲ့။ ) ပြိတ္တာဆိုတာ လူတွေထက်ပိုများပါတယ်။ တချို့ပြိတ္တာတွေက တဘ၀လုံး အတွက် တ၀မ်းစာလေး ၀အောင်ရှာစားပြီး သေရင် ငရဲပြန်သွားကြ၇တာ များပါတယ်။ ဒါန၊သီလ၊ ဘာဝနာ တခုမှ လုပ်မသွားနိုင်ကြပါဘူး။ တချို့ ပုဂ္ဂိုလ်တွေ လူတော့ ဖြစ်ကြပါရဲ့ ၀မ်းရေးအတွက် တဘ၀လုံးရှာစားကြရင်း ဒါန၊ သီလ၊ ဘာဝနာ တခုမှ မလုပ်နိုင်ကြပဲ သေကြရပါတယ်။

၎။ လူ့ ပရမတ်
လူ့ ပရမတ် ဆိုတာကတော့ လူတွေနဲ့ တန်းတူ စီးပွားရေးကို သမာအာဇီဝနဲ့ အားထုတ်ရှာတယ်။ ဒါန၊ သီလ၊ ဘာဝနာ တွေကိုလည်း မိမိတို့ စွမ်းအားရှိသလောက် လှူဒါန်းပေးကမ်းတယ် ဥပုသ်ဆောက်တည်တယ် ၀ိပဿနာ ဘာဝနာပွားများအားထုတ်ပါတယ်။ ကုသိုလ်နဲ့ စီးပွားဥစ္စာကို ညီမျှအောင် လုပ်တဲ့ပုဂ္ဂိုလ်များကို လူ့ပရမတ်လို့ ခေါ်ပါတယ်။

ဖတ်ရှု တဲ့သူတော်ကောင်းပုဂ္ဂိုလ်အပေါင်းနဲ့ မိမိတို့ ပတ်သက်သမျှ အားလုံး လူ့ပရမတ်အဖြစ်နဲ့ ကျင့်ကြံနေထိုင်နိုင်ကြပြီး အပါယ်လေးပါးသို့ မသက်ဆင်းရလေအောင် လေ့ကျင့်နိုင်ကြသော သူတော်ကောင်းများဖြစ်ကြပါစေ ။

One thought on “ဘုရားရှင်ဟောတဲ့ လူလေးမျိုး

  1. ကျေးဇူးပါ။ ဒီပို့လေးဖတ်ပြီး သံဝေဂတော်တော်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s