ကိုယ်တစ်ကယ်ချစ်တဲ့သူအတွက် မာနမထားပါနှင့်။

ပေါင်းသင်းခဲ့တာ နှစ်ပေါင်း၃၀ ရှိပြီဖြစ်တဲ့ လင်မယားစုံတွဲအို က ရှေ့နေဆီသွားပြီး ကွာရှင်းဖို့စီစဉ်နေကြတယ်။ သူတို့တွေ လက်ထက်ပြီးကတည်းက သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ခဲ့တာဟာခုချိန်ထိပါပဲ။ ခုတော့ သားသမီးတွေက ကြီးလာကြပြီ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ကြပြီဆိုပြီး ကွာရှင်းဖို့ဖြစ်လာကြတယ်။ အိုမင်းပြီဖြစ်တော့ အေးအေးချမ်းချမ်းနဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းဖို့ သဘောတူကြတယ်။
ကွာရှင်းအပြီး ရှေ့နေ၊ အဘိုးကြီး နှင့် အဘွားကြီးတို့ နောက်ဆုံးညစာကိုအတူစားကြတယ်။ စားနေခိုက်မှာ ကြက်ကင်လာချတော့ အဘိုးကြီးက ချက်ချင်းကို ကြက်ပေါင်ယူပြီးအဘွားကြီးကိုပေးလိုက်တယ် `ရော့ မင်းအကြိုက်ဆုံး ကြက်ပေါင်´။ ရှေ့နေက အော် သူတို့ ချစ်ကြပါသေးတယ်။ ကွာရှင်းတာပြန်ရုပ်သိမ်းကောင်းရုပ်သိမ်းလိုက်မယ်လို့ စဉ်းစားတယ်။ ဒါပေမဲ့ အဘွားကြီးက `ငါနင့်ကိုချစ်တယ်။ ဒါပေမဲ့ နင့်ရဲ့အချစ်က ကိုယ်ထင်တာကိုပဲလုပ်တယ် ငါ့ရဲ့စိတ်ကိုနားမလည်ဘူး။ နင်ပြောရင် နင်လုပ်ရင် ဘာမဆိုဟုတ်နေတာပဲ။
ငါ့ရဲ့ခံစားချက်ကို မထည့်တွက်ဘူး။ နင်မသိဘူးလား ကြက်ပေါင်ဆိုတာ ငါ့အမုန်းဆုံးပဲလေ။´
အဘိုးကြီးက `မင်း က ငါမင်းကိုချစ်တဲ့စိတ်ကို မင်းလုံးဝနားလည်မှုမပေးခဲ့တာ။ မင်းသဘောကျအောင် ငါဘာလုပ်ရမလဲ ဆိုတာကို ငါအမြဲစဉ်းစားနေတာ။ ငါအကြိုက်ဆုံး အကောင်းဆုံးကို မင်းအတွက် ငါချန်ထားပေးတယ်။ ကြက်ပေါင်ဆိုတာ ငါအကြိုက်ဆုံးကွ´ ။
ဒီလောက်ချစ်ကြတဲ့ လင်မယားက ကွာရှင်းကြပြီ။ ၀မ်းနည်းခြင်းများစွားနဲ့ လမ်းခွဲပြီး အိမ်ကို ပြန်သွားကြတယ်။အဘိုးကြီးအိပ်မပျော်ဘူး။ အိပ်ယာထဲမှာ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ ရင်ထဲမှာ အရမ်းခံစားနေရတယ်။ အဘွားကြီးကို အရမ်းသတိရမိနေတယ်။ ယူကျုံးမရတွေဖြစ်နေတယ်။ စဉ်းစားရင်းနဲ့ သူအဘွားကြီးကို သူဖုန်းဆက်ပေးတယ်။ အဘွားကြီးသိတယ် အဘိုးကြီးပဲဆက်လာမယ်ဆိုတာကို ဖုန်းမကိုင်ပဲ အဘိုးကြီး သူ့အပေါ်နားမလည်တာတွေကို တွေးပြီး စိတ်ဆိုးနေတယ်။ အဘိုးကြီးအသံ သူမကြားချင်ဘူး။ ဖုန်းသံကအကြာကြီးကိုမြည်နေခဲ့တယ်။။ အဘွားကြီးမကိုင်ဘူး။ မာနတစ်ခုနဲ့ပေါ့။ သူဖုန်းကြိုးကိုဖြုတ်လိုက်တယ်။ အဘိုးကြီးကတော့ အေးစက်နေတဲ့ဖုန်းကို ကိုင်ပြီး အဘွားကြီးအသံကိုကြားရဖို့ မျှော်လင့်နေတယ်။ ရင်ဘက်ကို ဓါးနဲ့လာခွဲထားသလို သူခံစားနေရတယ်။ ဘယ်လိုမှခံစားလို့မရတော့ဘူး။ အမှန်တော့ အဘွားကြီးလဲ အရမ်းကိုဝမ်းနည်းနေတာပေါ့။ ဒါပေမဲ့ အဘိုးကြီးမှာ နှလုံးရောဂါရှိတာကို မေ့သွားတယ်။

နောက်တရက်မနက်မှာ အဘိုးကြီး ဖုန်းလေးကိုင်ပြီး ဧည့်ခန်းမှာ ဆုံးသွားတယ်။ အဘွားကြီး ဘယ်လိုမှမယုံနိုင်လောက်အောင်ဖြစ်သွားတယ်။ သူ့မာနတစ်ခုနဲ့……။ မာနကြောင့် သူရဲ့အချစ်ဆုံးလူတစ်ယောက် သေဆုံးသွားတယ်။ သူဘယ်လိုအော်ခေါ်နေပါစေ အဘိုးကြီးမကြားတော့ဘူး။
အဘိုးကြီးသူ့အတွက်ချန်ထားခဲ့တဲ့ သေတမ်းစာဖြစ်တယ်။ အဘွားကြီးနံမည်နဲ့ ငွေစုစာအုပ်တစ်အုပ် သူတို့ လက်ထက်စက သိန်း၁၀၀ ရှိတဲ့ ငွေစုစာအုပ်နဲ့ပေါ့။ စာထဲမှာ “ ဒီစာကိုဖတ်တဲ့အချိန်ငါအဝေးတစ်နေရာမှာပေါ့။ မင်းအပေါ်ဂရုစိုက်တဲ့စိတ်ကတော့ မပေါ့သွားပါဘူး။ မင်းတစ်ယောက်ကိုပဲ တကယ်ကို စွဲစွဲလန်းလန်းချစ်ခဲ့တယ်။ ဒီငွေတွေကလည်း ငါ့ကိုယ်စား မင်းကို ဂရုစိုက်နိုင်ပါစေလို့ ရည်ရွယ်ပြီးထားခဲ့တာပါ။ မင်းကို ထာဝရချစ်တဲ့….”
စာကိုဖတ်ပြီးနောက် အဘွားကြီးအစကထင်ထားတဲ့ လူပေါင်းမှားပြီဆိုတဲ့အတွေးကို သူ့ကိုသူအပြစ်တင်နေတယ်။ သူလူပေါင်းမမှားပါဘူး။ လူရွေးလဲမမှားပါဘူး။ သူ့ကို ထာဝရမြတ်နိုးတဲ့သူကို သူပိုင်ဆိုင်ခဲ့တာပါ။

ကိုယ့်ရဲ့မာနတွေကိုချသင့်ရင်ချ။ နားလည်မှုတွေနဲ့ ခွင့်လွတ်မှုတွေနဲ့ လွမ်းခြုံထားလိုက်ရင် အပြစ်တွေမြင်နေမှာမဟုတ်ဘူး။ မဟုတ်ရင် သင်သိပ်ချစ်ရတဲ့သူရဲ့ ငါမင်းကိုသိပ်ချစ်တာပဲ ဆိုတဲ့ နောက်ဆုံးစကားတောင် သင်ကြားလိုက်ရမှာမဟုတ်ပါဘူး။နောက်တစ်ခု နှိုးဆော်ချင်တာကတော့ သင့်ရဲ့အခွင့်အရေးတွေကို လက်လွတ်မဆုံးရှုံးစေပါနဲ့။ သူ့သိသွားအောင် ရဲရဲဝံ့ဝံ့နဲ့ ဘယ်လို ဘယ်လောက်ချစ်ကြောင်းကိုပြောလိုက်ပါ။ သူလက်ခံမယ်ဆိုရင်ပေါ့…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s