Computer ပြူတင်းပေါက် ဂေါက်တောက်တောက်

ကွန်ပျူတာကြီး Window အတက်လေးပြီး သိပ်အလုပ်မလုပ်ချင်ဖြစ်နေတဲ့အခါ

ကျွန်တော်တို့ စဉ်းစားစရာ အချက်တွေ နဲ့ လုပ်ဆောင်စရာလေးတွေ ပြောပြချင်ပါတယ်…

  1. ကွန်ပျူတာ window အတက်မှာ မြန်ဆန်အောင်ပြုလုပ်ခြင်း
  2. မလိုအပ်သော Cache data များကို ဖယ်ရှားခြင်း
  3. အသုံးမပြုတော့သော Application များကို ဖယ်ရှားခြင်း
  4. Hard Drive ကို ပြန်လည်စစ်ဆေးခြင်း
  5. အစီစဉ်တကျ မဟုတ်သော ပြန့်ကျဲနေသော Data များကို စနစ်တကျ ပြန်လည် ထားရှိခြင်း

အစရှိသဖြင့် ထည့်သွင်း စဉ်းစားကာ ပြုမူလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ် .
Virus ကြောင့် မဟုတ်ဘဲ အသုံးပြုမှုကြာမြင့်လာသောကြောင့် ဒီလို နှေးကွေးမှုတွေ ဖြစ်ပေါ်လာတာပါ.

ဥပမာ ပြောရမယ် ဆိုရင်

  • ကျောင်းသား တစ်ယောက် ကျောင်းကို ကျောင်းမတက်ခင် အချိန်မှန်အမြန်ရောက်ဖို့ အလွန်အရေးကြီးပါတယ် ။အဲဒီအတွက် သူလွယ်တဲ့လွယ်အိတ် နေရာတကျ ထားဖို့ လိုအပ်ပါတယ်.. နို့မို့ဆို ရှာရဖွေရတာနဲ့ ကျောင်းနောက်ကျတော့မှာပါ ..
  • ၉တန်းနှစ်က ရေးလက်စ တစ်ဝက်ကျနေတဲ့ ဗလာစာအုပ်တစ်အုပ်ကို ၁၀ တန်းနှစ်မှာ ဆက်ရေးလိုက်မယ် ဆိုရင် အသုံးမပြုတော့တဲ့ ၉တန်းစာတွေကို ကိုယ်က အမြဲတမ်း သယ်နေရသလိုပါ.. တကယ်လို့ အဲဒီစာအုပ်ကို တစ်ပိုင်းဖြဲပြီး stapler နဲ့ ညှပ် အသုံးပြုမယ်ဆိုရင် စာအုပ်ပေါ့သွားသလို သုံးစွဲရလွယ်ကူသွားမှာပါ ..
  • နောက်ပြီး အထူးထုတ်တွေ ဘာတွေက ကျောင်းသားတစ်ယောက်အတွက် အိမ်မှာပဲထားသင့်တာပါ . အမြဲတမ်း လိုအပ်နေတာ မဟုတ်တဲ့အတွက် အလေးခံပြီး သယ်ယူစရာ မလိုအပ်ပါဘူး..
  • ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့ လွယ်အိတ် နဲ့ စာအုပ်တွေကို ပြန်လှန်စစ်ဆေးသင့်ပါတယ် . ဆုတ်ပြဲတာ အိတ်ပေါက်တာ ညစ်ပေနေတာ တွေကို ကိုယ်က ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးသင့်ပါတယ်.ဒါမှ အိတ်ထဲက ပစ္စည်းတွေ ထွက်မကျပြီး ဆုံးရှုံးမှုမရှိမှာ ပါ ၊ စာအုပ်ကောင်းမွန်မှ အသုံးပြုမှုအဆင်ပြေပြီး ကိုယ်အသုံးပြုချင်သလောက် တာရှည်ခံမှာပါ.
  • နောက်တစ်ခု စာအုပ်တွေကို ဘာသာရပ်အလိုက် နာမည်လေးနဲ့ စီစဉ်ထားမယ်ဆိုရင် ရှာဖွေရလွယ်ကူမယ် . အထာအသို ကောင်းတော့ အချိန်မြန်မြန်နဲ့ လိုချင်တာကို ရှာဖွေနိုင်မယ်လေ ဟုတ်တယ်မို့လား …………

နည်းနည်းလေး လေရှည်သွားတယ်ဗျာ . နားလည်စေချင်တဲ့ ဆန္ဒကြောင့်ပါ . နားလည်သွားပြီ ဆိုတော့လည်း စပြီး လုပ်ဆောင်ကြရအောင်

…………………………………………………..

ကွန်ပျူတာ window အတက်မှာ မြန်ဆန်အောင်ပြုလုပ်ခြင်း

ကွန်ပျူတာကို စဖွင့်ဖွင့်ခြင်း Press <Delete> to enter BIOS setup ပေါ်လာလာခြင်း delete ကို နှိပ်လိုက်ပါမယ်..
BIOS အမျိုးအစားပေါ် မူတည်ပြီး နှိပ်ရမယ့် key ကွဲပြားပါလိမ့်မယ်..
New computers – F1 /  F2 / DEL / ESC / F10
Older computers – CTRL + ALT + ESC / CTRL + ALT + INS / CTRL + ALT + ENTER / CTRL + ALT + S
CMOS setting ထဲသို့ ရောက်ရှိသွားပါက အပြာရောင် screen လေးကို တွေ့မြင်ရပါလိမ့်မယ် ..
First Boot Device (သို့) Boot Order (သို့)  Boot Management (သို့)  Boot Sequence အစရှိသဖြင့် တစ်ခုခု ကိုတွေ့အောင်ရှာလိုက်ပါ။
တွေ့လျှင်  HDD (hard drive), Floppy, CDROM, or Network လေးခု ထဲမှာ Hard drive ကို ပထမ နေရာမှာ ထားပေးရမှာဖြစ်ပါတယ်.
ယခု လေးမျိုးထဲမှ ဆိုတိုင်း မိမိစက်တွင် အတိအကျ ရှိချင်မှ ရှိပါလိမ့်မည်။ မိမိ စက်မှာ တပ်ထားမှ သာ တွေ့မြင်ရပါမည် ။
ရွေးချယ်ပြီးလျှင် Exit မှ save and exit ကို ရွေးချယ်ပြီး enter နှိပ်ကာ ထွက်ပေးရပါမည်..
ဒီလိုပြုလုပ်ရခြင်းမှာ – window တင်ထားသော Hard drive အား တစ်ခါတည်း တန်းပြီး ရှာဖွေနိုင်အောင် ၊ window အတက်မြန်အောင် ၊ ပြုလုပ်ပေးခြင်းသာ ဖြစ်ပါသည်။

မလိုအပ်သော Cache data များကို ဖယ်ရှားခြင်း

ကွန်ပျူတာကို စဖွင့်လိုက်ကတည်းက ကွန်ပျူတာမှယာယီအနေနဲ့ အသုံးပြုထားတဲ့ဖိုင်သေးလေးတွေ တွေ့မြင်နိုင်ပါတယ်.
ကျွန်တော်တို့ ဖွင့်လိုက်တဲ့သီချင်း နောက်တစ်ကြိမ်ပြန်ဖွင့်ရင် လွယ်လွယ်ရှာနိုင်အောင် ကွန်ပျူတာမှ မှတ်ထားပေးတတ်ပါတယ်.
သီချင်းတင်မဟုတ်ပါဘူး အစုံပါပဲ ၊ ဓါတ်ပုံ သေးသေးလေးကြည့်တာက စလို့ Website လိပ်စာထိတောင် အစစအရာအရာ မှတ်သားပေးတတ်တဲ့ အကျင့်လေးကြောင့် ကြာလာတော့လည်း မှတ်ထားတာတွေ များတော့ လေးကန်သွားတာပေါ့ .. အဲဒီတော့ လက်ရှိသုံးပြီးရင် နောက်ထပ် မသုံးဖြစ်သေးတဲ့အခါ မှတ်ထားတာကြီးက ရှိနေဦးမှာပါပဲ.. မိမိအတွက် အမြဲတမ်း အဲလိုကြီး မလိုအပ်ဘူးဆိုရင် ဖျက်ပစ်ထားတာ အကောင်းဆုံးပါပဲ.
ဒါဆို ဖျက်ပစ်ကြည့်ရအောင် ။ ဘာမှမဖြစ်နိုင်တဲ့အတွက် ရဲရဲသာ ဖျက်ကြမယ်။
Window Key + R တွဲနှိပ်လိုက်ပါ ။ Run Box ကျလာတဲ့အခါ Recent ဆိုတာလေး ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.
ဒါဆို  My Recent Documents ဆိုပြီး မိမိအသုံးပြုခဲ့သမျှ ဖိုင်တွေကို တွေ့မြင်ရပါလိမ့်မယ်. တကယ်လို့ မိမိအသုံးပြုထားတဲ့ဖိုင် ပျောက်သွားခဲ့ရင်လည်း ဒီလိုရိုက်ပြီး ဒီကနေ တဆင့် ရှာနိုင်ပါတယ် . ခုတော့ အသုံးမလိုဘူးမို့လား..
အဲဒီအတွက် ဖျက်ပစ်မယ်လေ။ Ctrl + A ကို တွဲနှိပ်ပါ (သဘောကတော့ အကုန်လုံးကို select လုပ်ခြင်းပါပဲ) ။
အပြီးတိုင် ဖျက်ဖြစ်မှာ ဖြစ်တဲ့အတွက် Shift Key ဖိထားပြီး Delete ကို နှိပ်လိုက်ပါ. YES ဆိုတာလေးကို နှိပ်လိုက်ပါ.
အမှိုက်တောင်းလေးထဲ ရောက်မသွားဘဲ အပြီးတိုင် ဖျက်ပစ်လိုက်တာပါ. မူရင်း ဖိုင်တွေကတော့ ပျောက်မသွား ၊ ဖျက်မသွားပါဘူး။
အဲဒီ Recent လိုပဲ နောက်ထပ် ဖျက်ရန် ၊ ရှင်းရန်ကျန်ပါသေးတယ်. အဲဒီအတွက် Prefetch ဆိုပြီး ရိုက်ထည့်ပြီး ရှင်းလိုက်ပါ..
နောက်ဆုံး တစ်ခုကတော့ %temp% ကို ရိုက်ထည့် ပြီး ရှင်းပေးပါ ။ ဒါဆို တော်တော်လေး ပေါ့ပါးသွားပါလိမ့်မယ်.

အသုံးမပြုတော့သော Application များကို ဖယ်ရှားခြင်း။ (Uninstall ပြုလုပ်ခြင်း)

မိမိဝယ်ယူခဲ့သောကွန်ပျူတာတွင် အရောင်းဆိုင် (သို့) ဆားဗစ်ဆိုင်မှ ထည့်ပေးလိုက်သော Application နှင့် Game  များကို အသုံးမပြုဖြစ်ခဲ့လျှင် အပိုဖြစ်နေသည်များကို ပယ်ဖျက်နိုင်ပါသည်။ ထို့အတွက် အလကားနေရာယူနေသော ၊ အပိုဖြစ်နေသည်များကို ပယ်ဖျက်လိုက်ခြင်းဖြင့် အသုံးတည့်သော အရာများအတွက် နေရာလွတ်ရရှိကာ ပိုမိုမြန်ဆန်လာပါလိမ့်မည် ။ Uninstall ပြုခြင်းကို Auto CAD  နှင့် ဥပမာပြပါမည် ။
Start button ကို နှိပ်လိုက်ပြီး Programs ကို ထောက်လိုက်ပါ။ အဲဒီမှာ Auto CAD ဆိုတာလေး ရှာပြီး သူ့အထဲမှ Uninstall လို့ ရေးထားတဲ့ file လေးကို နှိပ်လိုက်ပါ။ Uninstall ပြုလုပ်မည်ကို သေချာလား ၊ ဟုတ်ရဲ့လားလို့ မေးပါလိမ့်မယ်။ ok နှိပ်ပြီး ထောက်ခံပေးလိုက်ပါ။
ပြီးဆုံးသွားလျှင် Finish ဆိုတာလေး ပေါ်လာပါလိမ့်မယ်. အဲဒါကို နှိပ်လိုက်လျှင် Uninstall ပြုလုပ်ခြင်း ပြီးဆုံးပါပြီး။
နောက်ထပ် Add or  Remove ကနေ Uninstall ပြုလုပ်ခြင်းကို ထပ်ပြီး ပြောပြချင်ပါသေးတယ် ။ ဒါကတော့ window ကပါတဲ့ software ကို အသုံးပြုပြီး အလိုလျှောက်ရှာဖွေပြီး ဖျက်ပစ်ခိုင်းခြင်းသာ ဖြစ်ပါတယ်။ Win+ R ကို ပူးတွဲ နှိပ်လိုက်ပါ။ Run Box ကျလာတဲ့အခါ appwiz.cpl  ရိုက်ထည့်ပြီး အိုကေ နှိပ်ပါ။  ဒါဆို Add or Remove program လေး ဖွင့်လာပါလိမ့်မယ် ။ အဲဒီထဲမှာ Auto CAD ဆိုတဲ့ စာသားလေး ရှာဖွေလိုက်ပါ။  Click နှိပ်ပြီး ညာဖက်ဘေးမှ Remove ဆိုတာလေးကို နှိပ်ပါ။ ဒါဆိုလျှင် သူ့အလိုလို uninstall လုပ်ပြီး finish ဆိုတာလေး ပေါ်လာပါလိမ့်မယ်။

Hard Drive ကို ပြန်လည်စစ်ဆေးခြင်း (scandisk ပြုလုပ်ခြင်း)

ဤသို့ ပြုလုပ်ရခြင်းမှာ Window တင်ထားသော hard drive နာကျင်မှုကို သက်သာစေရန် နှင့် Window အတက်မြန်ဆန်သွားစေရန် အတွက်ပြုလုပ်ပေးရခြင်း ဖြစ်သည် ။ Hard disk နာကျင်မှု ဖြစ်ရခြင်း အကြောင်းရင်းမှာ မီးအားငြိမ်ငြိမ်မပေးနိုင်မှုကြောင့် လည်းကောင်း ၊ နည်းစနစ်မှန်မှန် စက်မပိတ်မှုတို့ကြောင့် Hard drive နာကျင်မှု ဖြစ်ရပြီး အခန့်မသင့်လျှင် Window ပါ ကြောင်သွားတတ်သည် ။ ထို့အတွက်ကြောင့် Scandisk ပြုလုပ်ပေးရခြင်း ဖြစ်သည်. စပြီး ပြုလုပ်ကြည့်ရအောင်…
Window Key + R ကို တွဲနှိပ်လိုက်ပါ . Run box ကျလာတဲ့အခါ chkdsk ရိုက်ထည့်လိုက်ပါ. ဒါက command line ကနေပြီး  hard drive တစ်ခုလုံး ခြုံငုံ စစ်ဆေးခြင်း ဖြစ်ပါသည် . ယေဘုယျ အမြန်စစ်ဆေးခြင်း ပါ . Window တင်ထားတဲ့ Hard drive ရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Local Disk C: ကို scandisk ပြုလုပ်ပါမယ်.
Window Key + E ကို တွဲနှိပ်လိုက်ပါ ။ ဒါဆို My Computer ဖွင့်သွားပါလိမ့်မယ် ။ အဲဒီအထဲကမှ Local Disk C: ဆိုတာကို တွေ့တဲ့အခါ Right Click နှိပ်လိုက်ပါ။ အောက်ဆုံးက Properties ကို ထပ်နှိပ်လိုက်ပါ ။  Properties ရဲ့ Tools Tab ကို နှိပ်လိုက်တဲ့အခါ  Error Checking ဆိုတာကို တွေ့ရမည် ။ Check Now ကို ဆက်နှိပ်လိုက်ပါ  ။  Check Option မှာ အမှတ်ခြစ်လုပ်ပေးစရာ နှစ်ခု ရှိပါတယ်။ အဲဒီထဲကမှ အောက်က တစ်ခုကို ရွေးခြယ်ပြီး အမှန်ခြစ်ပေးလိုက်ပါ ။ အဲဒီအောက်ကတစ်ခုက ဘာကိုဆိုလိုသလဲဆိုရင် – window တင်ထားတဲ့ file တွေ တည်ရှိနေတဲ့ sector တွေ bad ဖြစ်သွားတဲ့အခါ ပြန်လည်ပြုပြင် Recovery ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ Start ကို နှိပ်လိုက်ပါ ။ အဲဒီအချိန် အတော်အတွင်းမှာ ဘာမှမလုပ်ဘဲ ပစ်ထားလိုက်ပါ ။ အဆင့်လေးဆင့် ပြုပြင်ပြီးတဲ့အခါ ပြီးဆုံးကြောင်း အသိပေးပါလိမ့်မည်။ Window အတက်မှာ  တော်တော်လေး ပေါ့ပါးသွားတာကို သတိထားမိပါလိမ့်မယ် ။

အစီစဉ်တကျ မဟုတ်သော ပြန့်ကျဲနေသော Data များကို စနစ်တကျ ပြန်လည် ထားရှိခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s