လူတစ်ယောက်ရဲ့ဘဝ

လူတစ်ယောက်ရဲ့ ဘ၀ဟာ

သူကိုယ်တိုင် ထုဆစ်ခဲ့တဲ့ ပန်းပုရုပ်တစ်ရုပ်

သူကိုယ်တိုင် ရေးခြယ်ခဲ့တဲ့ ပန်းချီကားတစ်ချပ်

သူကိုယ်တိုင် ရေးသီခဲ့တဲ့ အထ္ထုပ္မတ္တိ တစ်အုပ်

သူကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ သီးပင်တစ်ပင်

သူကိုယ်တိုင် ဖေါ်စပ်ခဲ့တဲ့ ဆေးတစ်ခွက်ပါပဲ …

+++++++++++++++++++++++++++++

နေ့စဉ်နဲ့အမျှ ဖြတ်သန်းလာရတဲ့အချိန်တွေမှာ ပျော်ရွှင်မှုတွေ မပျော်ရွှင်မှုတွေနဲ့

အလိုမကျမှုတွေ ဒေါသဖြစ်မှုတွေနဲ့ အရာအားလုံးက တသမတ်တည်းမကျ ရောပြွမ်းလျှက်ပါ

အဲလိုပဲ ဘ၀ကို လွယ်လွယ်ဖြတ်သန်းကြသလို မဆုတ်မနစ် ကြိုးစားနေရတာတွေလည်း ရှိကြပါတယ်

မြန်မာရဲ့ လူမှု့ဝါဒ ပေါ့ … နေ့တစ်နေ့မှာ ပညာ ၊ ဥစ္စာ ၊ ကုသိုလ် တစ်ခုခုတော့ ရကို ရရှိရမယ်.

ကိုယ့်ဘ၀ကို တိုးတက်အောင် စစ်ဆေးနေသင့်ပါတယ်. ဒီနေ့ကို မနေ့က ထက်သာအောင် ၊ မနက်ဖြန်ကိုလည်း

ဒီနေ့ထက် ပိုကောင်းအောင် အမြဲတစေ ကြိုးစားဆောင်ရွက်နေသင့်ပါတယ်.

လူတစ်ယောက်ရဲ့ ရရှိပိုင်ဆိုင်မှုအချိန်ဟာ သိပ်ကို တိုတောင်းတယ်.

လူတစ်ယောက် အသက် ၆၀နှစ်ပဲ နေရမယ် ထားပါတော့.. အဲဒီလူ တစ်နေ့ကို ၈ နာရီအိပ်တယ်ဆိုရင်

သူ့အိပ်ချိန်ဟာ နှစ်၂၀ ရှိတယ်.. ဒါဆို သူလှုပ်ရှား ရှင်သန်နေရတဲ့အချိန်က နှစ် ၄၀ ပဲပေါ့ .

နှစ် ၄၀ ဆိုတဲ့အချိန်ကို ဘယ်လိုများ ဖြတ်သန်းမလဲ …  တကယ်တမ်းက ပိုင်ဆိုင်ရတဲ့အချိန်လေးက နည်းပါတယ်..

ဘ၀ကို တန်ဖိုးရှိရှိနဲ့ စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ ပြုပြင်ထိန်းသိမ်းရင်း မိမိကိုယ်မိမိ ဘက်စုံတိုးတက်အောင်

အမြဲတမ်းကြံဆနေသင့်ပါတယ် .

နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုနေလိုက်တာမျိုး

အလွန်ပျော်ရာကနေ အပျော်လွန်သွားတာမျိုး

စိတ်ကူးတွေ ကမ္ဘာပတ်ရွက်လွှင့်နေတာမျိုး

ရေစီးရာကို မျောပါတဲ့ လှေတစ်စီးလိုမျိုး

ဘ၀ ကို ခပ်ပေါ့ပေါ့ ဖြတ်သန်းခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ “မှားလေစွ” လို့ တ မိမယ့် နောင်တ မျိုးနဲ့

မတွေ့ရအာင် ပြီးပြည့်စုံသော ဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ အချိန်နဲ့အမျှ မိမိကိုယ်မိမိ တိုးတက်အောင်

ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း လူတစ်ယောက်ရဲ့ဘ၀ ဆိုတာကို တင်ပြအပ်ပါသည်…

———————————————————————————————

ကိုယ်တိုင်းရေး – kokyawzin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s