Download Helper

Firefox Add-ons နှင့် ပတ်သတ်ပြီး အသုံးဝင်တာတွေ အသုံးပြုစရာတွေ အများကြီးရှိပါတယ်။

အဲဒီအထဲကမှ Video (သို့မဟုတ် ) music နှင့် ပတ်သတ်ပြီး Auto download ဆွဲယူနိုင်သော

Add-ons  အကြောင်းလေးကို ပြောပြချင်ပါတယ်။ Download Helper အကြောင်းလေးပါပဲ။

https://i1.wp.com/www.downloadhelper.net/images/convert-helper-transp-200.png FIREFOX DOWNLOAD HELPER

အဦးဆုံးအနေနဲ့  Mozilla Firefox ကို ဖွင့်လိုက်ပါမယ်။

Menu Bar ရဲ့  Tools ဆိုတာလေးကို ကလစ်နှိပ်လိုက်လျှင် Add-ons ဆိုတာလေးကို တွေ့ရပါလိမ့်မယ် ။

ကလစ်နှိပ်လိုက်ပါ။ Get Add-ons ဆိုတာလေးကိုပါ ထပ်ပြီး နှိပ်လိုက်ပါ။

ရှာရဖွေရ လွယ်ကူအောင် – မှန်ဘီလူးပုံလေးနဲ့ search box မှာ downlaod helper ဆိုပြီး ရိုက်ထည့်လိုက်ပါ။

( နီ +၀ါ+ပြာ )ရောင်စုံဗူဗေါင်းလေး သုံးခု စုချီထားသလိုပုံစံလေး နဲ့ပါ။

Add to Firefox ဆိုတာလေးကို ကလစ်နှိပ်လိုက်ပါ။  Install ပြုလုပ်ရန် အတွက် connecting လုပ်နေပါပြီ။

Software Installation ဆိုတဲ့ box အောက်က install now ဆိုတာလေးကို နှိပ်ပါ။

Install လုပ်ခြင်း ပြီးဆုံးပါက Firefox ကို restart ပြုလုပ်ရန် တောင်းဆိုပါလိမ့်မည်။

Restart ပြုလုပ်ပေးလိုက်ပါ။

Firefox တဖန်ပြန်လည်ပွင့် လာပါက google ရဲ့ အိမ်ပုံလေး ဘေးမှာ ဗူဗေါင်းသုံးခုလေးကို တွေ့ရမှာပါ။

လက်ရှိ ပုံလေးမှာ ခဲရောင်ဗူဗေါင်းလေး သုံးခု အဖြစ်နှင့် ငြိမ်ငြိမ်လေး တည်ရှိနေပါလိမ့်မည်။

video ကြည့်လျှင်သော်လည်းကောင်း ၊ music နားထောင်လျှင်သော်လည်းကောင်း တစ်ခုခု ပြုလုပ်ခဲ့ပါက

အဲဒီ ဗူဗေါင်းလေး သုံးခုတွဲလေးဟာ ကာလာတောက်ပလာပြီး လှုပ်ရှားနေပါမယ်။

အဲဒီပုံလေးရဲ့ဘေးမှာ အောက်သို့စိုက်နေသော မြှားပုံစံလေး တွေ့ရပါလိမ့်မည်။ အဲဒါလေးကို နှိပ်ကြည့်ပါက

လက်ရှိ နားဆင်ကြည့်ရှုနေသော file ၏ အမည်ကို သိနိုင်ပါမယ်။ အဲလိုတွေ့လျှင် ဘေးမှ download ဆိုတာလေးကို

နှိပ်လိုက်ပါ။ မိမိ သိမ်းဆည်းချင်သော နေရာကို ရွေးချယ်ပြီး save ဆိုတာလေးကို နှိပ်လိုက်ပါ။

အလိုလျှောက် မိမိ စက်ထဲသို့ download ဆွဲယူသွားပါလိမ့်မည်။

လေ့လာသူအပေါင်း ပျော်ရွှင်ကျေနပ်ကြပါစေ ။

————————————————————————————————

ကိုယ်တိုင်ရေး – kokyawzin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s